Posts

ရှင်ပင်ခရု စေတီတော်ဘုရား

Image
       ရှင်ပင်ခရုဘုရားသည် ထားဝယ်မြို့၊ ကရပ်ပြင်ရပ်၊ အာဇာနည်လမ်းအနီးတွင် တည်ရှိ၍ ရွှေတောင်စားစေတီတော်ဘုရားကြီးနှင့် (၄) ဖာလုံ ဝေကွာပါသည်။     ရှင်ပင်ခရုစေတီတော်မြတ်သည် ရှေးနှစ်ပေါင်း(၃၀၀)ကျော်ခန့်ကပင်စတင်တည်ဆောက်ခဲ့သည်ဟု ရှေးလူကြီးသူမများ၏ ပြောစကားအရသိရှိရပါသည်။     ၁၉၉၆ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့တွင်ကရပ်ပြင်(တောင်)တစ်ရပ်ကွက်လုံးနီးပါး မီးလောင်ခံရ၍ စေတီတော်အရှေ့ဘက် အားရုံခံ တန်ဆောင်းတို့ မီးကွင်းကျန်ခဲ့ပြီးမှ ရှင်ပင်ခရုစေတီတော်မြတ်၏ သာသနာရောင်ဝါ ပွင့်လင်းထွန်းတောက်ခဲပါသည်။     ရှင်ပင်ခရုဘုရားစေတီတော်၏ ထူးခြားချက် (၈) ချက် - ရှင်ပင်ခရုဘုရားစေတီတော်သည် ထားဝယ်ခရိုင်အတွင်းရှိ ရှင်ကိုးရှင်သမိုင်းဝင်ဘုရားများတွင် နံပါတ်(၁)ဆုတောင်ပြည့် အဓိဌာန်အောင် ဘုရားဖြစ်ခြင်း၊ ရှင်ပင်ခရုဘုရားသိမ်တော်အတွင်းတွင် ရပ်တော်မူ၊ ထိုင်တော်မူ၊ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်များကို တစ်နေရာတည်းတွင် ဖူးမြော်နိုင်ခြင်း၊ ရှင်ပင်ခရုဘုရားသည် နေ့ကြီး၊ ရက်ကြီးများနှင့် ဘုရားပွဲတော်ကျင်းပသည့် ရက်နေ့များတွင် ဘုရားသိမ်တော်မှဖြစ်စေ၊ စေတီတော်မှဖြစ်စေ ရောင်ခြသည်တော် ကွန့်မြူး၍ တန်ခို...

ရှင်မျှော်တောင် စေတီတော်ဘုရား

Image
            ရှင်မျှော်တောင်စေတီသည် ထားဝယ်မြို့ရွှေတောင်စားစေတီတော်ဘုရားကြီးနှင့် မိုင် (၅၂) ကျော်ဝေးသော လောင်းလုံမြို့နယ်၊ ကြက်လွှတ်ရွာအထိ သွား၍တောင်ပေါ်ခရီးသုံးမိုင်ခန့်တက်ရသည်။ ယခုအခါ ရှင်မျှော်တောင်စေတီသို့မော်တော်ကားဖြင့်တိုက်ရိုက်ရောက်ပါသည်။ ပင်လယ်ဝတွင် တည်ရှိသည်။   ဘုရားသမိုင်းအရ ဂေါတမမြတ်စွာဘုရား ပရိန်ဗ္ဗာန်စံလွန်တော်မူကြီး နှစ် ၂၂၀ တွင်ဘောဂဝတီနဂါးကြည်၍ကိုးကွယ်ထားသော လက်ယာအံတော်ကို နဂါးမင်းကြီး၏တူတော်နဂါးစစ်သူကြီး ဝသုလဒေဝသည် နဂါးပြည်မှ ယူဆောင်လာပြီး ရှင်မျှော်တောင်ရှိ လင်းလွန်းပင်ကြီးတစ်ပင်၏ ခွကြားတွင်ဝှက်၍ တိတ်တဆိတ် ကိုးကွယ်ထားသည်ဟုဆိုသည်။      မဟာဗန္ဓဝ၊ စူဠဗန္ဓဝ ရဟန္တာညီနောင်နှစ်ပါး၏ စီစဉ်မှုဖြင့် တနင်္သာရီတိုင်း ကောရမ္ဘမင်း၊ ဒူရကတိုင်း အောင်သာဝတီပြည်မှ (ကလိန်အောင်ရွာ) ဓမ္မသေနမင်း၊ နဂါးမင်းကြီးတို့ သုံးပါးဆုံ၍ ၎င်းအံတော်အား အထူးထူးသော ပူဇော်မှုများဖြင့် ပူဇော်ကာ အဖိုးတန်ပစ္စည်းများကို ဌာပနာ၍ သက္ကရာဇ် ၂၃၈ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ရှင်မျှော်တောင်ဘုရားကို တည်ခဲ့ကြသည်။ သက္ကရာဇ် ၅၁၇ ခုနှစ်တွင် ပုဂံကြည်ပှ အလောင်းစည်သူမင်းကြီး...

ရှင်တောင့်ပုံ စေတီတော်ဘုရား

Image
                     ရှင်တောင့်ပုံစေတီတော်သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ မြို့လယ်အနီးတွင် တည်ရှိပါသည်။ ရှင်တောင့်ပုံစေတီတော်သည် ထားဝယ်မြို့ရွှေတောင်စားစေတီတော်ဘုရားကြီးနှင့် (၁၈) မိုင် အကွာတွင်တည်ရှိပါသည်။ ဤစေတီသည် ရှင်တောင့်ပုံထားဝယ်ဒိန်းသံကြောင့် နာမည်ကြီး၍ လူသိများလာသည်။         ရှင်တောင့်ပုံစေတီဆိုရာ၌ မြားပုံ၊ မြားပလုံး၊ မြားကျည်တောက်များစုပုံရာ ဘုရားစေတီဟု တောင်သည် အမြင့်ပေနှင့်ထောင်ကျော်ခန့် ရှိသည်။ ရှင်တောင့်ပုံစေတီတည်ရာတောင်သည် အမြင့်ပေနှစ်ထောင်ကျော်ခန့် ရှိသည်။ ရှင်တောင့်ပုံစေတီသည် မည်သိုပင် မတ်စောက်သော်လည်းယခုအခါ ကွန်ကရစ်လမ်းဖြင့် ပြုပြင်ထား၍မော်တော်ကား၊ ဆိုင်ကယ်ဖြင့် စေတီအရောက်သွားရောက်ဖူမြော်နိုင်ပါသည်။     မှိုင်းကာရီကျု အုပ်စိုးသော ဆင်ဖြူရှင် မဟာနရိန္ဒဘွဲ့ခံ အင်းတရား၏ မိဖုရားကြီး စုမဒ္ဒီဒေဝီ အလိုဆန္ဒအတိုင်း ရွှေအဆင်းရှိသောဥဒေါင်းကို ဖမ်းယူပြီး နန်းတော်အတွင်း မွေးမြူရန်အတွက် မုဆိုးအကျော်အမော်ဖြစ်သည့်မုဆိုးကျော်မောင်နွားကို ဥဒေါင်းဖမ်းစေခဲ့ပါသည်။ မောင်နွားသည...

ရှင်ဆံတော် (ကလိန်အောင် ဆံတော်ရှင်စေတီ)

Image
      ဆုတောင်ပြည့် ကလိန်အောင်ဆံတော်ရှင် စေတီတော်သည် ထားဝယ်မြို့ရွှေတောင်စားစေတီတော်ဘုရားကြီးမှ မြောက်ဘက် ထားဝယ်-ရေး ကားလမ်း၊ (၄၇) မိုင်အကွာ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တောင်ပေါ်တွင် တည်ရှိသည်။     ဂေါတမမြတ်စွာဘုရား (၁၁) ဝါမြောက်တွင် မြောက်ဥတ္တရတုရုကျွန်းမှ ဆွမ်းခံတော်မူပြီးအပြန် ဝေမိဿကတောင်အရောက်တွင် ဂဝံမတေ့ရသေ့၊ ဒူရကနတ်သား၊ ကုမ္ဘဏ္ဍနတ်ဘီလူးတို့မှင့် ကြုံကြိုက်၍ဖူးတွေ့ကြရသည်ဆို၏။ ဘုရားရှင်က ဆံတော်သုံးဆူပေး၍ ရသေ့၊ နတ်သားနှင့် ဘီလူးတို့အား ဝေဿဝဏ္ဏတောင်ကုန်း၌ ရှေးဘုရားသုံးဆူဖြစ်စော ကကုသန်၊ ကောဏာဂုံ၊ ကဿပ ဆံတော်တို့နှင့်အတူ မိမိ၏ ဆံတော်သုံးဆူကိုပါ ဌာပနာရန်ဗျာဒိတ်ထားတော်မူခဲ့သည်။     ဘုရားရှင်၏ ဗျာဒိတ်တော်အတိုင်း ဝေဿဝဏ္ဏတောင်ကုန်းတွင် စောက်အတောင် (၄၀)၊ အနံအလျား အတောင် (၃၀) တူးပြီး ကျောက်အဂ်တေတို့ဖြင့် ချောမွေ့သေသပါစွာဖြင့် ဆံတော်သုံးဆူဌာပနာ၍ ဉာဏ်တော် (၁၅) တောင်ရှိကျောက်စေတီကို တည်ထားသည်။ ဤစေတီသည် ဆုတောင်ပြည့်စုံသည့်အတွက် ဆုတောင်းပြည့်ဆံတော်ရှင်ဟု တွင်သည်။     ဤဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးသော ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမဘုရားရှင်တော်လေးဆူတို့၏ ဆံ...

ရှင်ဓာတ်ဝဲ ဘုရား

Image
ရှင်ဓာတ်ဝဲဘုရားသည် ထားဝယ်မြို့၊ ရွှေတောင်စားစေတီတော်ဘုရားကြီးမှ မြောက်ဘက် ထားဝယ်-ရေဖြူသွား ကားလမ်း၏ (၇) မိုင်ခန့်ဝေးသည် မောင်မယ်ရှောင်ရွာတွင်တည်ရှိသည်။     မုဆိုးမောင်နွား အကျွက်တရား၍ ရသေ့သူတော်စင်အဖြစ်ကို ခံယူကာ ဂေါဝိန္ဒရသေ့မမည်ဖြင့်မှီအုံးတောင်တစ်ဝိုက် ရွာများတွင် ဆွမ်းခံပြီး ဝေဿဝဏ္ဏကုန်းအနီးရှိ ရေကန်နံဘေးတွင်ဆွမ်းစားလေ့ရှိသည်။ ထိုရေကန်တွင် ငါးခုံးမတစ်ကောင်သည် ရဟန်း၏ကိုယ်မှ အညစ်အကြေးတို့ကို စားခြင်းဖြင့် ပဋိသန္ဓေတည်ရာမှ ရှင်ဇော။ ရှင်ဇံ လူစင်စစ် သားနှင့်သမီး အမြွာမွေးသည်ဟုဆိုပါသည်။ ရသေ့သည် ရေကန်အနီးတွင် ကလေးများကို နွေ့ရပြီး အဓိဌာန်ဖြင့် လက်ညိုးက နို့ထွက်စေ၍ ကလေးများကိုမွေးမြူသည်။ ယောက်ျားကလေးကို ရှင်ဇ့။ မိန်းကလေးကို ရှင်ဇောဟု မှည့်ခေါ်သည်။     သက္ကရာဇ် ၁၅၀ ပြည့်နှစ်တွင် ရစန္တာတစ်ပါးဈာန်ဖြင့်ကြွလာပြီး ရှင်ဇောရှင်ဇံတို့အား သာသနာတော်အကျိူး မျှော်ကိုး၍ မြတ်စွာဘုရား၏ ဓာတ်တော်တစ်ဆူ ပေးတော်မူခဲ့သည်။ ရှင်ဇော၊ ရှင်ဇံ မောင်နှမသည်တစ်ဆူတည်းသော ဓာတ်တော်ကိုလုကြရာ မွေးစားဖခင် ရသေ့ကြီးက ရဟန္တာအရှင်မြတ်ထံသွား၍ ဓာတ်တော်နှစ်ဆူဖြစ်ရန် အဓိဌာန်ပြုစေခဲ့ပါသည်။ သမိုင်းအရမူလဓာတ်တော်အစစ်ကို ...

ရှင်ဇလွန် စေတီဘုရား

Image
      ရှင်ဇလွန်စေတီသည် လောင်းလုံမြို့နယ်၊ မြို့ဟောင်းသာဂရတွင်တည်ရှိပါသည်။ ထားဝယ်မြို့ရွှေတောင်စားစေတီတော်ဘုရားကြီးနှင့် (၇) မိုင် ကွာဝေးပါသည်။     ဆင်ဖြူရှင် မဟာနရိန္ဒမင်းနှင့် မိဖုရားစုမဒ္ဒီဒေဝီတို့သည် တောကစားထွက်ရာတွင်နှစ်လိုဖွယ်ကောင်သည့် ရွှေရောင်ဉဒေါင်းငှက်ကြီးတစ်ကောင်ကို တွေ့ရှိရ၍ မိဖုရားက အရှင်ဖမ်းပေးရန် မင်းကြီးမား လျှောက်ထားရာ မင်းကြီးသည်အကျော်အမော်မုဆိုးမောင်နွားအားအရှင်ဖမ်းပေးရန် တာဝန်ပေးခဲ့ပါသည်။     သို့သော် (၆) လခန့်ကြာသည့်တိုင်အောင်ထိုဉဒေါင်းအား မဖမ်းပေးနိုင်ဘဲဖြစ်နေစဉ် မုဆိုးမောင်နွားသည် ဂီရိပစ္စယရသေ့နှင့် တွေ့၍တရားရပြီးဂေါဝိန္ဒအမည်ဖြင့်ရသေ့ဝတ်လေသည်။     တစ်နေ့တွင် ရသေ့သည် ဆွမ်းခံရာမှ အပြန်တွင်လမ်း၌ ငါးမှမွေးသည့်လူမမယ်မွေးကင်းစကလေး (၂) ဉီးကို တွေ့ရ၍ ကောက်ယူခဲ့ပြီး ရှင်ဇော၊ရှင်ဇံ အမည်ပေး၍မွေးစားခဲ့ပါသည်။     ရှင်အရဟံရဟန္တာမထေရ်မြတ်သည် ဤဒေသသို့ကြွရောက်လာပြီး မြတ်ဗုဒ္ဓ၏ဓာတ်တော်အစစ်တစ်ဆူအား ရှင်ဇံသို့ပေး၍ဓာတ်တော်ပွားတစ်ဆူကို ရှင်ဇောသို့ပေးလေသည်။     ရှင်ဇောရရှိသောဓာတ်တော်ကို အဓိဌာန်ဖြင့်လွှတ်ရာ ထားဝယ်မြစ် အနောက်...

ရှင်ဥဩ စေတီဘုရား

Image
ရှင်ဉဩစေတီသည် ထားဝယ်မြို့၊ ပိန္နဲတောရပ်ရှိ ရွှေကျောင်းကြီးဝင်းအတွင်းတည်ရှိသည်။ ထိုစေတီသည် ထားဝယ်မြို့ ရွှေတောင်စားစေတီတော်ဘုရားကြီးနှင့် (၂) ဖာလုံ မျှသာရှိပါသည်။     မင်းရှင်ဇော်သည် ၁၁၂၂ ခုနှစ်တွင် ပိန္နဲတောရပ်၊ ရွှေကျောင်းကြီးနေရာ၌ နန်းတော်တည်ပြီးနန်စံသည်။ မင်းရှင်ဇော်သည် ရှင်ဉဩစေတီကို နန်းဉီးစေတီအဖြစ် သက္ကရာဇ် ၁၁၂၂ ခုနှစ်တွင် တည်ခဲ့သည်ဟု ဆိုပေသည်။     မင်းရှင်ဇော် (ဝါ) ရွှေတောင်စားမင်းသည် သက္ကရာဇ် ၁၁၂၄ ခုနှစ်တွင် ရွှေတောင်စားစေတီကို တည်သဖြင့် ရှင်ဉဩစေတီသည် ရွှေတောင်စားစေတီတော်ထက်နှစ်နှစ်စော၍ ရွှေတောင်စားမင်းတည်သည်ဟု ဆိုပါသည်။     ရှင်ဉဩစေတီသည် တခြားစေတီနှင့် ကွာခြားချက်မှာ ၎င်းစေတီမှင့် ဖောင်းရစ်တော်မှာ (၁၁) ရစ်ဖြစ်ပေသည်။ ဤဘုရားတစ်ဝိုက်တွင် သိုက်များရှိသည်ဟု ယုံကြည်ကြ၍ လပြည့်လကွယ်နေ့များတွင် သိုက်နန်းရှင်များ လာရောက်ဆီမီးပူဇော်သည်ကို တချို့တွေ့မြင်ကြရသည်ဟု ဆိုသည်။ သိုက်နန်းရှင်များက စေတီတော်နှင့် သိမ်တော်ကြီးမား စောင့်ကြပ်နေကြသည်ဟု လူအများက ယုံကြည်ကြသည်။     ရှင်ဉဩစေတီအနီးရှိ နှစ်ပေါင်း (၂၀၀) ကျော်ပြီး ထားဝယ်မြို့တွင် ရှေးအကျဆုံး ခေါင်းလောင်း (၃...