ရှင်ဥဩ စေတီဘုရား
ရှင်ဉဩစေတီသည် ထားဝယ်မြို့၊ ပိန္နဲတောရပ်ရှိ ရွှေကျောင်းကြီးဝင်းအတွင်းတည်ရှိသည်။ ထိုစေတီသည် ထားဝယ်မြို့ ရွှေတောင်စားစေတီတော်ဘုရားကြီးနှင့် (၂) ဖာလုံ မျှသာရှိပါသည်။
မင်းရှင်ဇော်သည် ၁၁၂၂ ခုနှစ်တွင် ပိန္နဲတောရပ်၊ ရွှေကျောင်းကြီးနေရာ၌ နန်းတော်တည်ပြီးနန်စံသည်။ မင်းရှင်ဇော်သည် ရှင်ဉဩစေတီကို နန်းဉီးစေတီအဖြစ် သက္ကရာဇ် ၁၁၂၂ ခုနှစ်တွင် တည်ခဲ့သည်ဟု ဆိုပေသည်။
မင်းရှင်ဇော် (ဝါ) ရွှေတောင်စားမင်းသည် သက္ကရာဇ် ၁၁၂၄ ခုနှစ်တွင် ရွှေတောင်စားစေတီကို တည်သဖြင့် ရှင်ဉဩစေတီသည် ရွှေတောင်စားစေတီတော်ထက်နှစ်နှစ်စော၍ ရွှေတောင်စားမင်းတည်သည်ဟု ဆိုပါသည်။
ရှင်ဉဩစေတီသည် တခြားစေတီနှင့် ကွာခြားချက်မှာ ၎င်းစေတီမှင့် ဖောင်းရစ်တော်မှာ (၁၁) ရစ်ဖြစ်ပေသည်။ ဤဘုရားတစ်ဝိုက်တွင် သိုက်များရှိသည်ဟု ယုံကြည်ကြ၍ လပြည့်လကွယ်နေ့များတွင် သိုက်နန်းရှင်များ လာရောက်ဆီမီးပူဇော်သည်ကို တချို့တွေ့မြင်ကြရသည်ဟု ဆိုသည်။ သိုက်နန်းရှင်များက စေတီတော်နှင့် သိမ်တော်ကြီးမား စောင့်ကြပ်နေကြသည်ဟု လူအများက ယုံကြည်ကြသည်။
ရှင်ဉဩစေတီအနီးရှိ နှစ်ပေါင်း (၂၀၀) ကျော်ပြီး ထားဝယ်မြို့တွင် ရှေးအကျဆုံး ခေါင်းလောင်း (၃) လုံးရှိသည့်အနက် ဒုတိယရှေးအကျဆုံးကြေးခေါင်းလောင်းကြီးတစ်လုံးတည်ရှိပါသည်။ ရှင်ဉဩစေတီသည် ရှင်ကိုးရှင်အစဉ်တိုင်းတွင် နံပါတ်ခြောက်၌ တည်ရှိပါသည်။
Comments
Post a Comment