ရှင်မျှော်တောင် စေတီတော်ဘုရား

     







    ရှင်မျှော်တောင်စေတီသည် ထားဝယ်မြို့ရွှေတောင်စားစေတီတော်ဘုရားကြီးနှင့် မိုင် (၅၂) ကျော်ဝေးသော လောင်းလုံမြို့နယ်၊ ကြက်လွှတ်ရွာအထိ သွား၍တောင်ပေါ်ခရီးသုံးမိုင်ခန့်တက်ရသည်။ ယခုအခါ ရှင်မျှော်တောင်စေတီသို့မော်တော်ကားဖြင့်တိုက်ရိုက်ရောက်ပါသည်။ ပင်လယ်ဝတွင် တည်ရှိသည်။

  ဘုရားသမိုင်းအရ ဂေါတမမြတ်စွာဘုရား ပရိန်ဗ္ဗာန်စံလွန်တော်မူကြီး နှစ် ၂၂၀ တွင်ဘောဂဝတီနဂါးကြည်၍ကိုးကွယ်ထားသော လက်ယာအံတော်ကို နဂါးမင်းကြီး၏တူတော်နဂါးစစ်သူကြီး ဝသုလဒေဝသည် နဂါးပြည်မှ ယူဆောင်လာပြီး ရှင်မျှော်တောင်ရှိ လင်းလွန်းပင်ကြီးတစ်ပင်၏ ခွကြားတွင်ဝှက်၍ တိတ်တဆိတ် ကိုးကွယ်ထားသည်ဟုဆိုသည်။

    မဟာဗန္ဓဝ၊ စူဠဗန္ဓဝ ရဟန္တာညီနောင်နှစ်ပါး၏ စီစဉ်မှုဖြင့် တနင်္သာရီတိုင်း ကောရမ္ဘမင်း၊ ဒူရကတိုင်း အောင်သာဝတီပြည်မှ (ကလိန်အောင်ရွာ) ဓမ္မသေနမင်း၊ နဂါးမင်းကြီးတို့ သုံးပါးဆုံ၍ ၎င်းအံတော်အား အထူးထူးသော ပူဇော်မှုများဖြင့် ပူဇော်ကာ အဖိုးတန်ပစ္စည်းများကို ဌာပနာ၍ သက္ကရာဇ် ၂၃၈ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ရှင်မျှော်တောင်ဘုရားကို တည်ခဲ့ကြသည်။ သက္ကရာဇ် ၅၁၇ ခုနှစ်တွင် ပုဂံကြည်ပှ အလောင်းစည်သူမင်းကြီး၊ သက္ကရာဇ် ၅၅၆ ခုနှစ်တွင် နရပတီသည်သူမင်း၊ သက္ကရာဇ် ၈၅၀ ခုနှစ်ဆွင် ဝေဒီမြို့မင်းသီလတို့သည် ရှင်မျှော်တောင်သို့ ရောက်လာကြပြီး ရွှေသကန်းကပ်လှူခြင်း၊ စေတီငယ်များတည်ခြင်း စသည်တို့အသီးသီးကုသိုလ်ပြုကြပါသည်။

    ရှင်မျှော်တောင်(အံတော်)စေတီတွင် သီလသင်ကြယ်စွာ ယုံယုံကြည်ကြည်ဆောက်တည်၍ မိမိတို့အလိုရှိသော ဆုကိုတောင်းသော် ပြည့်စုံသောကြောင့်ရှင်မျှော်တောင်စေတီကို ဆုတောင်ပြည့်စေတီဟုလည်းခေါ်ကြပါသည်။

    ရှင်မျှော်တောင်၌ အံ့ဖွယ်ရာခြောက်ဖြာရှိသည်။ ယင်းတို့မှာ - 

  1. တောင်အောက် အုတ်တင်မြောက်စခန်း၌ ရေအိုင်ငယ်တစ်ခုရှိရာ ပင်လယ်ဒီရေတက်ချိန်၌ ရေငန်လွှမ်းမိုးသွားသော်လည်း ဒီရေကျသွားသောအခါ ရေချိုရေအိုင်ကလေးပြန်ဖြစ်သွားသည်။
  2. တောင်စွယ် တောင်ဘက်အောက်နားတွင် လေဟာထွက်ပေါက်တစ်ခုရှိသည်။ တောင်စွယ်အောက်ခြေတွင် ပင်လယ်လှိုင်းပုတ်သည့်အရှိန်ကြောင့် အထက်သို့လေတက်လာသည်။ လေထွက်ပေါက်ထဲသို့ လက်ကိုင်ပဝါ ငွေစက္ကူများပစ်ချလျှင်လေပင့်ပြီး အထက်သို့တက်ရောက်လာသသည်။
  3. ပင်လယ်ကမ်းစပ်နှင့်ကွာနေသော ကျောက်လုံးကြီးတွင် စေတီငယ်တစ်ဆူ တည်ထားသည်။ ၎င်းစေတီကိုပေါင်မုန့်လုံးစေတီဟုခေါ်သည်။ ၎င်းစေတီကျောက်ထပ်သို့ ရေကြီးသော်လည်း စေတီပေါ်သို့ ရေလုံးဝမရောက်ပေ။ ဒယ်အိုးပုံသဏ္ဍာန် ဖြစ်ပြီးနေလေသည်။
  4. အံတော်စေတီ ဘုရားရင်ပြင်တော်ပေါ်သို့ မိန်းမ မတက်ရပါ။ အဘယ်ကြောင့်ဆိုသော ၎င်းစေတီတော် ဌာပနာတိုက်သည် ဘောဂဝတီနဂါးများ ကြုလုပ်ထားသော ဌာမနာတိုက်ဖြစ်၍ လေယန္တရား၊ ရေယန္တရား၊ နတ်ယန္တရားများဖြင့် ပြုလုပ်ထားသောကြောင့် မိန်းမများတက်မိလျှင် လေပြင်းထန်စွာတိုက်လာပြီး ရေလှိုင်းများဖြစ်ပေါ်လာတက်ပါသည်။
  5. ဇိနမာန်အောင်ဘုရားသိမ်၏ အနောက်ဘက်တွင် တောင်ကမူတစ်လုံးရှိသည်။ ၎င်းတောင်ကမူသည် မြတ်စွာဘုရား၏ အံတော်ထားသော လင်းလွန်ပင်တည်ရှိသည်ဖြစ်၍ ထိုတောင်ပေါ်ရှိနတ်ကောင်း၊ နတ်မြတ်များကစောင့်ရှောက်ထားသော နေရာဖြစ်သောကြောင့် ဘုရားဖူးရဟန်းရှင်လူအများ ကျော်ဖြတ်မသွားမလာရန်အတွက် ဟန့်တားထားပါသည်။ တက်မိလျှင် မူးဝေခြင်း၊ အော့အန်ခြင်း၊ တက်ခြင်း၊ စကားမေးမရခြင်းတို့ ဖြစ်တတ်ပါသည်။
  6. ရှင်မျှော်တောင်ဘုရားအနီတွင် ရေအိုင်တစ်ခုရှိပါသည်။ ၎င်းရေအိုင်ကို နတ်ရေအိုင်(သိုမဟုတ်)နတ်ရေကန်ဟု ခေါ်ကြလေသည်။ ထိုရေကန်တွင် အမျိုးသမီးများ ရေခပ်၍ ခေါင်းမှရွက်လျှင် ကိုယ်မှရေစက်များ ကျမိပါကထိုနတ်ရေကန်မျ ရေမထွက်ဘဲ နေတတ်သည့်အတွက် အမျိုးသမီများ သတိများစွာ ထားရပါသည်။
    ရှင်မျှော်တောင်ဘုရားသည် ရှင်ကိုးရှင် အစဉ်အတိုင်းနံပါတ်လေး၌ ရှိသည်။

Comments

Popular posts from this blog

ရှင်တောင့်ပုံ စေတီတော်ဘုရား

ရှင်ဆံတော် (ကလိန်အောင် ဆံတော်ရှင်စေတီ)