ရှင်တောင့်ပုံ စေတီတော်ဘုရား
ရှင်တောင့်ပုံစေတီတော်သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ မြို့လယ်အနီးတွင် တည်ရှိပါသည်။ ရှင်တောင့်ပုံစေတီတော်သည် ထားဝယ်မြို့ရွှေတောင်စားစေတီတော်ဘုရားကြီးနှင့် (၁၈) မိုင် အကွာတွင်တည်ရှိပါသည်။ ဤစေတီသည် ရှင်တောင့်ပုံထားဝယ်ဒိန်းသံကြောင့် နာမည်ကြီး၍ လူသိများလာသည်။
ရှင်တောင့်ပုံစေတီဆိုရာ၌ မြားပုံ၊ မြားပလုံး၊ မြားကျည်တောက်များစုပုံရာ ဘုရားစေတီဟု တောင်သည် အမြင့်ပေနှင့်ထောင်ကျော်ခန့် ရှိသည်။ ရှင်တောင့်ပုံစေတီတည်ရာတောင်သည် အမြင့်ပေနှစ်ထောင်ကျော်ခန့် ရှိသည်။ ရှင်တောင့်ပုံစေတီသည် မည်သိုပင် မတ်စောက်သော်လည်းယခုအခါ ကွန်ကရစ်လမ်းဖြင့် ပြုပြင်ထား၍မော်တော်ကား၊ ဆိုင်ကယ်ဖြင့် စေတီအရောက်သွားရောက်ဖူမြော်နိုင်ပါသည်။
မှိုင်းကာရီကျု အုပ်စိုးသော ဆင်ဖြူရှင် မဟာနရိန္ဒဘွဲ့ခံ အင်းတရား၏ မိဖုရားကြီး စုမဒ္ဒီဒေဝီ အလိုဆန္ဒအတိုင်း ရွှေအဆင်းရှိသောဥဒေါင်းကို ဖမ်းယူပြီး နန်းတော်အတွင်း မွေးမြူရန်အတွက် မုဆိုးအကျော်အမော်ဖြစ်သည့်မုဆိုးကျော်မောင်နွားကို ဥဒေါင်းဖမ်းစေခဲ့ပါသည်။ မောင်နွားသည် ဥဒေါင်းရှာရင်း ရှင်တောင့်ပုံစေတီတည်ရာတောင်ပေါ်တွင် ဂီရိပစ္စယရသေ့ကြီးနှင့် မုဆိုးမောင်နွာတို့ တွေ့ကြ၍ အကြောင်းစုံကိုရသေ့ကြီးအား ပြောပြရာရသေ့ကတရားဓမ္မဟောပြ၍ မောင်နွား ဆရားရကာ ရသေ့ဝတ်လေသည်။ ငယ်နာမည်တွင် မောင်နွားဖြစ်သဖြင့် ဂေါဝိန္ဒရသေ့ဟု အမည်တွင်လေသည်။ မုဆိုး၏အသုံးဆောင် လက်နက်ကိရိယာထည့်သော တောင်းပလုံးတို့ကို မီးပုံ၍ရှို့သောနေရာ၍ အထိမ်းအမှတ်စေတီတည်ရာ (ရှင်တောင့်ပုံစေတီ) ဟုအမည်တွင်လေသည်။ ရှင်တောင့်ပုံစေတီဆိုရာ၌ မြားပုံး၊ မြားပလုံး၊ မြားကျည်တောက်များ စုပုံရာ ဘုရားစေတီဟု အဓိပ္ပာယ်ရလေသည်။ ရှင်တောင့်ပုံစေတီကား ထေရဝါဒဗုဒ္ဓဝါဒီများအတွက် အထွတ်အမြတ်ဖြစ်သည့် စေတီတစ်ဆူ ဖြစ်ပေသည်။ ထိုစေတီသည် ဂေါဝိန္ဒအရှင်ရသေ့ တည်သဖြင့် ပုဂံခေတ်ဦးကာလ၊ ပျူခေတ်ကတည်းက တည်ထားခဲ့ဟန်ရှိသည်ဟုလည်း ယူဆရသည့်စေတီဖြစ်၍ ကောဇာသက္ကရာဇ် (၉၇) ခုနှစ်သာ ဖြစ်နိုင်ခြေရှိသည်ဟု ခန့်မှန်းရသည်။ ရှင်တောင့်ပုံစေတီ၌ မြတ်စွာဘုရား၏ သရီရဓာတ်တော်များကိုဌာပနာ တည်ထားသည်ဟုလည်း ဆိုကြပါသည်။ရှင်တောင့်ပုံစေတီတော်၌ ရောင်ခြည်တော်ကွန့်မြူး ပြီး တန်ခိုးပြာဋိဟာတော်ပြသည်ကို လက်တွေ့ မျက်မြင်ဖူးရသူများသည် အထင်အရှားရှိခဲ့ကြ သည်။
Comments
Post a Comment