ရှင်ဇလွန် စေတီဘုရား
ရှင်ဇလွန်စေတီသည် လောင်းလုံမြို့နယ်၊ မြို့ဟောင်းသာဂရတွင်တည်ရှိပါသည်။ ထားဝယ်မြို့ရွှေတောင်စားစေတီတော်ဘုရားကြီးနှင့် (၇) မိုင် ကွာဝေးပါသည်။
ဆင်ဖြူရှင် မဟာနရိန္ဒမင်းနှင့် မိဖုရားစုမဒ္ဒီဒေဝီတို့သည် တောကစားထွက်ရာတွင်နှစ်လိုဖွယ်ကောင်သည့် ရွှေရောင်ဉဒေါင်းငှက်ကြီးတစ်ကောင်ကို တွေ့ရှိရ၍ မိဖုရားက အရှင်ဖမ်းပေးရန် မင်းကြီးမား လျှောက်ထားရာ မင်းကြီးသည်အကျော်အမော်မုဆိုးမောင်နွားအားအရှင်ဖမ်းပေးရန် တာဝန်ပေးခဲ့ပါသည်။
သို့သော် (၆) လခန့်ကြာသည့်တိုင်အောင်ထိုဉဒေါင်းအား မဖမ်းပေးနိုင်ဘဲဖြစ်နေစဉ် မုဆိုးမောင်နွားသည် ဂီရိပစ္စယရသေ့နှင့် တွေ့၍တရားရပြီးဂေါဝိန္ဒအမည်ဖြင့်ရသေ့ဝတ်လေသည်။
တစ်နေ့တွင် ရသေ့သည် ဆွမ်းခံရာမှ အပြန်တွင်လမ်း၌ ငါးမှမွေးသည့်လူမမယ်မွေးကင်းစကလေး (၂) ဉီးကို တွေ့ရ၍ ကောက်ယူခဲ့ပြီး ရှင်ဇော၊ရှင်ဇံ အမည်ပေး၍မွေးစားခဲ့ပါသည်။
ရှင်အရဟံရဟန္တာမထေရ်မြတ်သည် ဤဒေသသို့ကြွရောက်လာပြီး မြတ်ဗုဒ္ဓ၏ဓာတ်တော်အစစ်တစ်ဆူအား ရှင်ဇံသို့ပေး၍ဓာတ်တော်ပွားတစ်ဆူကို ရှင်ဇောသို့ပေးလေသည်။
ရှင်ဇောရရှိသောဓာတ်တော်ကို အဓိဌာန်ဖြင့်လွှတ်ရာ ထားဝယ်မြစ် အနောက်ဘက်ကမ်း မြတ်စွာဘုရား၏သလွန်တော်ဌာပနာဖူးသည့်စေတီဟောင်းနေရာတွင် ရပ်တန့်၍ သက္ကရဇ် ၁၇၀ ပြည့်နှစ်တွင် ထိုစေတီဟောင်းကို ထပ်မံဌာပနာပြီးဘုရားစေတီတည်သည်ဟု အဆိုရှိပါသည်။
ရှင်ဇောက ဓာတ်တော်ပွားဌာပနာပြီး ရှင်ဇလွန်ဘုရားကို တည်စဉ် မောင်တော်ရှင်ဇံက ရှင်ဓာတ်ဝဲဘုရားကို တည်ပါသည်။ မိန်းမတည်သော ရှင်ဇလွန်ဘုရားဖြစ်၍ ထီးတော်တင်သည့်အခါ မိန်းမပါမှ အောင်မြင်သည်ဟုလည်း အယူရှိသည်။
ဤဘုရား၏ ထူးခြားချက်မှာ စေတီ၏ ခေါင်းလောင်းပုံအထက်ပိုင်းပတ်လည် အဂ်တေပန်းဖြစ်သည်။ သီရိဝစ္ဆပုံ အဂ်တေပန်းဖြစ်၍ အလွန်ရှေးကျပြီး ပျူခေတ်နှင့် ခေတ်ပြိုင်ဟု ယူဆရသည်။
ရှင်ဇလွန်ဘုရားသည် ရှင်ကိုးရှင် အစဉ်အတိုင်းတွင် နံပါတ်ခုနှစ်၌ တည်ရှိသည်။
Comments
Post a Comment