ရှင်ပင်ခရု စေတီတော်ဘုရား

 











    ရှင်ပင်ခရုဘုရားသည် ထားဝယ်မြို့၊ ကရပ်ပြင်ရပ်၊ အာဇာနည်လမ်းအနီးတွင် တည်ရှိ၍ ရွှေတောင်စားစေတီတော်ဘုရားကြီးနှင့် (၄) ဖာလုံ ဝေကွာပါသည်။

    ရှင်ပင်ခရုစေတီတော်မြတ်သည် ရှေးနှစ်ပေါင်း(၃၀၀)ကျော်ခန့်ကပင်စတင်တည်ဆောက်ခဲ့သည်ဟု ရှေးလူကြီးသူမများ၏ ပြောစကားအရသိရှိရပါသည်။

    ၁၉၉၆ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့တွင်ကရပ်ပြင်(တောင်)တစ်ရပ်ကွက်လုံးနီးပါး မီးလောင်ခံရ၍ စေတီတော်အရှေ့ဘက် အားရုံခံ တန်ဆောင်းတို့ မီးကွင်းကျန်ခဲ့ပြီးမှ ရှင်ပင်ခရုစေတီတော်မြတ်၏ သာသနာရောင်ဝါ ပွင့်လင်းထွန်းတောက်ခဲပါသည်။

    ရှင်ပင်ခရုဘုရားစေတီတော်၏ ထူးခြားချက် (၈) ချက် -

  1. ရှင်ပင်ခရုဘုရားစေတီတော်သည် ထားဝယ်ခရိုင်အတွင်းရှိ ရှင်ကိုးရှင်သမိုင်းဝင်ဘုရားများတွင် နံပါတ်(၁)ဆုတောင်ပြည့် အဓိဌာန်အောင် ဘုရားဖြစ်ခြင်း၊
  2. ရှင်ပင်ခရုဘုရားသိမ်တော်အတွင်းတွင် ရပ်တော်မူ၊ ထိုင်တော်မူ၊ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်များကို တစ်နေရာတည်းတွင် ဖူးမြော်နိုင်ခြင်း၊
  3. ရှင်ပင်ခရုဘုရားသည် နေ့ကြီး၊ ရက်ကြီးများနှင့် ဘုရားပွဲတော်ကျင်းပသည့် ရက်နေ့များတွင် ဘုရားသိမ်တော်မှဖြစ်စေ၊ စေတီတော်မှဖြစ်စေ ရောင်ခြသည်တော် ကွန့်မြူး၍ တန်ခိုးပြခြင်း၊
  4. ရှင်ပင်ခရုဘုရားတွင် အဓိဌာန်ဝင်ဆုတောင်းပါက မိမိလိုအင်ဆန္ဒများ "ဣဒ္ဓိ၊ သိဒ္ဓိ ကြံတိုင်းပြည့်" ပြီးမြောက်တတ်ခြင်း၊
  5. ရှင်ပင်ခရုဘုရားဝင်းအတွင်းတွင် ကျောင်းကန်၊ တန်ဆောင်းများ တည်ဆောက်ပြုပြင်မွမ်းမံရန်အတွက် အဓိဌာန်ပြု၍ ငွေကြေးစုဆောင်းသောအခါ မျှော်လင့်သောနေရာမှ ငွေကြေးဝင်လာတတ်ခြင်း၊ လှူဒါန်းပြီးစီပါကလည်း ကုန်ကျငွေများပြန်လည်ရရှိတတ်ခြင်း၊
  6. ရှင်ပင်ခရုဘုရားပွဲတော် (တပေါင်းပွဲတော်) ကျင်းပပါသည်။ မင်္ဂလာငွေခရု အမှတ်သင်္ကေတအဖြစ် အေးချမ်းမှုကို တောင်သော ငြိမ်းချမ်းမှုအသွင်ဖြင့် မိုးများရွာသွန်းဖြိုးတတ်ခြင်း၊
  7. ၁၉၉၆ ခုနှစ်၊ မတ်လ (၂၆) ရက်၊ မွန်းလွဲ (၁) နာရီခန့်တွင် ရှင်ပင်ခရုဘုရားစေတီ၊ ကရပ်ပြင်ရပ်ကွက်(တောင်) တစ်ရပ်ကွက်လုံးနီးပါး မီးဘေးသင့်ခဲ့သော်လည်း ဘုရား၏တန်ခိုး ကြောင့် စေတီတော်မှာ မီးဘေးမှကင်းလွတ်ခဲ့ခြင်း၊
  8. ရှင်ပင်ခရုစေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်ထားသည့် စိန်ဖူးတော်နှင့် ငှက်မြတ်နားကို (၁.၁၀.၂၀၀၅) ရက်နေ့၊စနေနေ့ နံနက်(၃) နာရီခန့်တွင် မသမာသူတစ်ဦးက ခိုးယူရန် ကြိုးစားစဉ်၊ စိန်ဖူးတော်နှင့်အတူ အထက်ပစ္စပေါ်မှ ပြုတ်ကျခဲ့သည်။ သူခိုးသည်စေတီတော်မှပြုတ်ကျခဲ့၍ မူးမေ့လဲနေရာမှ သတိရလျှင် မိမိတွင်ပါသည့် ဆိုင်ကယ်ဖြင့်ထွက်ပြေးရာ ပုထိုးကျောင်းလမ်းကွေ့ လမ်းထိပ်၊ အာဇာနည်လမ်းနံဘေးတွင် မူးမေ့ပြီးလဲကျနေစဉ် ရပ်ကွက်သူရပ်ကွက်သားများက ရဲစခန်းသို့ ပို့ဆောင်ခဲ့ပါသည်။ သူခိုးမှ မိမိသည် ထားဝယ်မြို့ရှိ အခြားတန်ခိုးကြီး(၄)ဖူရှိစိန်ဖူးတော်မှရတနာပစ္စည်းများကိုလည်းခိုးယူခဲ့ကြောင်း အစစ်ခဲ့ပါသည်။ 
    ထိုအချိန်မှစ၍ ရှင်ပင်ခရုဘုရားစေတီတော်သည် မီးကွင်းသည့်အပြင် သူခိုးဖမ်းဘုရားအဖြစ်တန်ခိုးတော် ပိုမိုပွင့်လင်းပြီး ကျော်ကြားခြင်း၊ထားဝယ်မြို့၏ ကျက်သရေဆောင်ဖြစ်သော ရှင်ကိုးရှင်သမိုင်းဝင် ရှင်ပင်ခရုဘုရားစေတီတော်အရှည်တည်တံ့ပြီး ကျက်သရေမင်္ဂလာအပေါင်းခညောင်းစွာဖြင့် ဖူးမြော်နိုင်ကြရန် ဘုရားဂေါပကအဖွဲ့၊ မြို့မိ/မြို့ဖများနှင့် ရပ်ကွက်သူ ရပ်ကွက်သားအပေါင်း စည်းလုံးညီညွတ်စွာဖြင့်တက်ညီလက်ညီပူးပေါင်း၍ ဘုရားကျောင်းဆောင် အာရုံခံတန်ဆောင်း၊ ဓမ္မာရုံအဆောက်အအုံများကိုခံ့ညားထည်ဝါစွာ တည်ဆောက်ပြုပြင်မွမ်းမံထားသဖြင့် မြင်ရသူအပေါင်းတို့၏ စိတ်နှလုံးကို ကြည်နူးဖွယ်ရာ အသာဒတစ်မျိုး ဖြစ်စေပါသည်။ ထိုထိုသော ကြည်နူးဖွယ်ရာ ပသာဒတို့ကြောင့် အများပြည်သူဘုရားဖူး လာရောက်ကြသူများ၏ ကိုယ်စိတ်နှစ်ပါးချမ်းသာမှုကို ဒိဌလက်ငင်း ရရှိခံစားသွားကြရပေသည်။ ဤကား ပစ္စုပ္ပန်အကျိုးပင် ဖြစ်သည်။ တမလွန်အကျိုးကား ဆိုဖွယ်မရှိပြီ။ "ကိုယ်စိတ်နှစ်ပါး ချမ်းသာလို ဆုတောင်းပြည့် ရှင်ပင်ခရုဘုရားရိပ်ခို" ဟုဆိုရမည်ပင် ဖြစ်နေလေတော့သည်။ တစ်ခေါက်တစ်ခါတော့ဖြင့် လာရောက်ဖူးမြော်သင့်လှပေသည်။ ရှင်ပင်ခရုဘုရားသည် ရှင်ကိုးရှင် အစဉ်အတိုင်းတွင် နံပါတ်တစ်၌ တည်ရှိပါသည်။    


Comments

Popular posts from this blog

ရှင်တောင့်ပုံ စေတီတော်ဘုရား

ရှင်မျှော်တောင် စေတီတော်ဘုရား

ရှင်ဆံတော် (ကလိန်အောင် ဆံတော်ရှင်စေတီ)