About

     

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ "ရှင်ကိုးရှင်" ဘုရားသမိုင်းအကျဉ်း

ရှင်ကိုးရှင်ဘုရားများကို နံပါတ်အစဉ်လိုက် ဖူးမြော်ချင်လျှင် - 

    (၁) ရှင်ပင်ခရုစေတီတော်

ဤဘုရားဖြစ်တည်ပုံမှာ ဘုရားတည်ရှိသော နေရာတွင် ထားဝယ်အခေါ် "ရှားပင် (ခရေပင်) နှစ်ပင်နှင့် ခရုပေါ်မှဘုရား" ဟူ၍ "ရှားပင်ခရု" ဘုရားဟုခေါ်လာရာမှ "ရှင်ပင်ခရုဘုရား" ဟူ၍ အမည်တွင်လာသည်ဟု ဆိုရိုးရှိခဲ့သည်။

    (၂) ရှင်မုတ္ထီးဘုရား

    ဤရှင်မုတ္ထီးဘုရားကို ကောဇာသက္ကရာဇ် ၉၃၀ (တစ်စောင်သောရာဇဝင်၌ ၈၀၀ ပြည့်နှစ်) လွန်၍ မင်း ၆၆ ဆက် ရောက်လတ်သောအခါ သီဟိဠ်ကျွန်းကိုအစိုးရတော်မူသော "မဟာနာမမင်း" လက်ထက်အရှင်မဟာအရဟံရဟန္တာမထေရ်မြတ်ကြီးသည် သိကြားမင်းများနှင့် စုပေါင်း၍ တည်ထားခဲ့ကြသည်။

    (၃) ရှင်တောင့်ပုံစေတီတော်

    ရှင်တောင်ပုံစေတီတော်ကို ဂေါဝိန္ဒရသေ့ (မုဆိုးမောင်နွား) တည်သဖြင့် ပုဂံခေတ်ဦးကာလ၊ ပျူခေတ်ကတည်းက တည်ထားခဲ့ဟန်ရှိသည်ဟု ယူဆရသဖြင့် ကောဇာသက္ကရာဇ် (၉၇) ခုနှစ်သာဖြစ်နိုင်ခြေရှိသည်ဟု ခန့်မှန်းရသည်။

    ရှင်တောင့်ပုံဘုရားကျော်ကြားလာခဲ့ရတဲ့ ထားဝယ်ဒိန်သံသီချင်းတွင်-

            "တောန်ပေါင် တောန်ပေါင် ရှင်တောန်ပေါင်

             တောန်ပေါင် မတ်စော့က်။ တတ်မရော့က်၊

             အော့က်က ကွန်းယာ။ ရွှေပ္လါးန ပူဇော်ပါကိုလေး၊

             အို့ မယ်ဝေး မဝါလွမ်းစလေး။"

    (၄)ရှင်မျှော်တောင်စေတီ

    ရှင်မျှော်တောင်စေတီတော်ကို မဟာဗန္ဓဝ၊ စူဠဗန္ဓဝ ရဟန္တာညီနောင်နှစ်ပါး၏စီစဉ်မှုဖြင့် တနင်္သာရီတိုင်း ကောရမ္ဘမင်း၊ ဒူရကတိုင်း အောင်သာဝတီပြည်မှ ဓမ္မသေနမင်း၊ နဂါးမင်းကြီးတို့ သုံးပါးဆုံ၍ မြတ်စွာဘုရား၏လက်ယာအံတော်ကို အဖိုးတန်ပစ္စည်းများကို ဌာပနာ၍ သက္ကရာဇ် ၂၃၈ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ရှင်မျှော်တောင်ဘုရားကို တည်ခဲ့ကြသည်။

    (၅) ရှင်တောက်ထိန်ဘုရား

    ကောဇာသက္ကရာဇ် (၁၀၃) ခုနှစ်တွင် ဦးဖိုးတုတ်-ဒေါ်စောသီးတို့ဇနီးမောင်နှံသည် တောင်ယာလုပ်ကိုင်ရင်းမြေတူးဆွရာမှရုပ်ပွားတော်ပေါ်ထွက်လာ၍ ဤဘုရားကို မြေပေါက်ဘုရား (ပေါ်တော်မူဘုရား) ဟုခေါ်ဆို၍ (ဓာတ်ဘုရား)ဟု၍လည်းခေါ်ဆိုခဲ့ကြသည်။ ထိုအချိန်မှစ၍ ရှင်တောက်ထိန်ဘုရားဟုခေါ်တွင်လာခဲ့သည်။

    (၆) ရှင်ဥဩစေတီ

    မင်းရှင်ဇော်သည် ၁၁၂၂ ခုနှစ်တွင် ပိန္နဲတောရပ်၊ ရွှေကျောင်းကြီးနေရာ၌ နန်းတော်တည်ပြီးနန်းစံသည်။ မင်းရှင်ဇော်သည် ရှင်ဥဩစေတီကို နန်းဦးစေတီအဖြစ် သက္ကရာဇ် ၁၁၂၂ ခုနှစ်တွင် တည်ခဲ့သည်ဟု ဆိုပေသည်။

    (၇) ရှင်ဇလွန်စေတီ

    ရှင်ဇောရရှိသော မြတ်ဗုဒ္ဓ၏ဓာတ်တော်ကို အဓိဌာန်ဖြင့် လွှတ်ရာ ထားဝယ်မြစ် အနောက်ဘက်ကမ်းမြတ်စွာဘုရား၏ သလွန်တော် ဌာပနာဖူးသည့်စေတီဟောင်းနေရာတွင် ရပ်တန့်၍ သက္ကရာဇ် ၁၇၀ ပြည့်နှစ်တွင် ထိုစေတီဟောင်းကို ထပ်မံဌာပနာပြီး ရှင်ဇလွန်ဘုရားတည်သည်ဟု အဆိုရှိပါသည်။

    (၈) ရှင်ဓာတ်ဝဲဘုရား

    သက္ကရာဇ် ၁၅၀ ပြည့်နှစ်တွင် ရဟန္တာတစ်ပါးဈာန်ဖြင့်ကြွလာပြီး ရှင်ဇော၊ ရှင်ဇံတို့အား သာသနာတော်အကျိုးမျှော်ကိုး၍ မြတ်စွားဘုရား၏ ဓာတ်တော်တစ်ဆူပေးတော်မူခဲ့သည်။ ရှင်ဇံရရှိသော ဓာတ်တော်ကို ရှင်တော်မြတ်စွာ၏ အစိန္တေယျဂုဏ်ဖြင့် ကောင်းကင်သို့ မြှောက်ရာစွယ်တော်ဓာတ်မြတ်သည် ဝေဿဏ္ဏကုန်းစပ် နတ်ရေကန် အပေါ်၌ ပျားပိတုန်းကဲ့သို့ ပျံဝဲလျက် တည်လေ၏။ ယင်းနေရာ၌ ဘုရားတည်ပြီးလျှင် ဓာတ်တော်ဝဲသည်ကို အစွဲပြု၍ "ရှင်ဓာတ်ဝဲ" ဟုသမုတ်လေသည်။ "ရှင်ဓားဝယ်ဘုရား" ဟု၍လည်း အချို့က ခေါ်ဆိုကြလေသည်။

    (၉) ရှင်ဆံတော် (ကလိန်အောင်ဆံတော်ရှင်)

    ဂေါတမမြတ်စွာဘုရားရှင်၏ (၁၁) ဝါမြောက်တွင် ဗျာဒိတ်တော်အရ ဂဝံပတေ့ရသေ့၊ ဒူရကနတ်သား၊ ကုမ္ဘဏ္ဍနတ်ဘီလူးတို့အား ဆံတော်သုံးဆူပေး၍ ဝေဿဝဏ္ဏတောင်ကုန်း၌ ရှေးဘုရားသုံးဆူတို၏ဆံတော်များနှင့်အတူ ဌာပနာထားရာ မြတ်စွာဘုရားရှင်လေးဆူတို၏ ဆံတော်မြတ်တိုသည်ရောင်ခြည်တော် အသွယ်သွယ်ဖြင့်ကွန်းမြူရာ ကလိန်အောင်ဆုတောင်ပြည့် ဆံတော်ရှင် စေတီတော်မြတ်ကြီး ဖြစ်သည်ဟုလည်းအဆိုရှိပေသည်။


    ထိုရှင်ကိုးရှင်ဘုရားများကို တစ်ရက်တည်နှင့် ဖူးမြော်ပြီးလျှင် လိုသောဆုကိုတောင်းကြရသည်။ ဆုတောင်းရာတွင် ဘုရားကိုးဆူစလုံးကို တူသော ဆုကိုဆုတောင်လျှင်လည်း အဲဒီဆုကို ပြီးပြည့်စုံသည်ဟု ရှေ့လူကြီးများကဆိုကြသည်။

    ရှင်ကိုးရှင်ဘုရားသမိုင်းဖြစ်ပေါ်လာပုံမှာ မြန်မာမင်းဆက်ဆက်၏တည်ထားကိုကွယ်ထားသည်ကိုတင်ပြလိုက်ရပါသည်။ မင်းစဉ် မင်းဆက်ကိုပြသော ရာဇဝင်ကြောင်းဖြစ်ရပ်မှန်များကို ဗဟုသုတရစေရန်ဖော်ပြထားသည်။

    ပုဂံခေတ်မှ ကုန်းဘောင်ခေတ်အထိ ကိုယ့်ထီးကိုယ့်နန်းနှင့် တစ်ပြည်ထောင် စိုးစံလာကြသည့် ထားဝယ် မင်းဆက်များတည်ထားကိုးကွယ်ထားခဲ့သည်။ မြန်မာ (၇) မျိုးတွင် တစ်မျိုး၊ မင်းနေပြည် (၂၀) တွင် တစ်ပြည်အပါဝင်ဖြစ်သည့် "ထားဝယ်ဘုရင် မင်းတရား" ထီနန်းတည်ထောင်စိုးစံပုံ၊ ၎င်း၏ခမည်းတော်သည် ထားဝယ်မှတက်ရောက်အင်းဝနေပြည်တော် အရိုက်အရာ ထီးနန်းကိုမည်သို့ရယူ၍ "မင်းခေါင်" ဘွဲ့အမည် ခံယူပြီးစိုစံခဲ့သည်။

    အနော်ရထာဘုရင်နှင့် ခေတ်ပြိုင် ထီးနန်းစိုးစံသော ရှင်ဇံ၊ ရှင်စော၊ စောမြဒေဝီမင်းတို့အကြောင်းမှစ၍ ပေါက္ကံပြည်ရှင် အလောင်းသည်သူ မင်းကြီး၏ အနွယ်များဖြစ်သော ထောင့်ကွယ်မြို့ကို(ယခု ကြက်လွှတ်ရွာ) တည်ထောက်ကြသော   ကနိကဝတ်မင်းဆက်ကအစ စောသူရမင်းလက်ထက်အထိ၊ ၎င်းမှတစဖန် ပြောင်းရွှေ့၍ ဝေဒီမြို့ကို တည်ထောင်ကြပုံ၊ တဖန် မင်းအဆက်ဆက် စိုးစံပြီး ဗလစောရန်နိုင်ခေါ် စောသီလမင်း လက်ထက်အထိ အကြောင်းစုံ ဖော်ပြထားခြင်းဖြစ်သည်။

    မင်းတုန်းမင်းကြီးက ထားဝယ်သူ မိဖုရားကြီး၏မွေးရပ်ဇာတိမြေတွင် ကုသိုလ်အညွန့် တလွန့်လွန့် ကွန့်မြူးစေရန် ရည်သန်လျက်လှူဒါန်းသော ဆုတောင်းပြည့် "လောကမာရဇိန်" ဘုရားကြီး၊ အံ့ချီးမကုန်အမ္ဘာတွင် အကြီးဆုံးသော "လောကသရဖူ လျောင်းတော်မူ" ရုပ်ပွားတော်စသည်များနှင့် ဓာတ်တော်ပေါင်းများစွာကို ဖော်ပြထားသည်။

Comments

Popular posts from this blog

ရှင်တောင့်ပုံ စေတီတော်ဘုရား

ရှင်မျှော်တောင် စေတီတော်ဘုရား

ရှင်ဆံတော် (ကလိန်အောင် ဆံတော်ရှင်စေတီ)