ရှင်ဓာတ်ဝဲ ဘုရား
ရှင်ဓာတ်ဝဲဘုရားသည် ထားဝယ်မြို့၊ ရွှေတောင်စားစေတီတော်ဘုရားကြီးမှ မြောက်ဘက် ထားဝယ်-ရေဖြူသွား ကားလမ်း၏ (၇) မိုင်ခန့်ဝေးသည် မောင်မယ်ရှောင်ရွာတွင်တည်ရှိသည်။
မုဆိုးမောင်နွား အကျွက်တရား၍ ရသေ့သူတော်စင်အဖြစ်ကို ခံယူကာ ဂေါဝိန္ဒရသေ့မမည်ဖြင့်မှီအုံးတောင်တစ်ဝိုက် ရွာများတွင် ဆွမ်းခံပြီး ဝေဿဝဏ္ဏကုန်းအနီးရှိ ရေကန်နံဘေးတွင်ဆွမ်းစားလေ့ရှိသည်။ ထိုရေကန်တွင် ငါးခုံးမတစ်ကောင်သည် ရဟန်း၏ကိုယ်မှ အညစ်အကြေးတို့ကို စားခြင်းဖြင့် ပဋိသန္ဓေတည်ရာမှ ရှင်ဇော။ ရှင်ဇံ လူစင်စစ် သားနှင့်သမီး အမြွာမွေးသည်ဟုဆိုပါသည်။ ရသေ့သည် ရေကန်အနီးတွင် ကလေးများကို နွေ့ရပြီး အဓိဌာန်ဖြင့် လက်ညိုးက နို့ထွက်စေ၍ ကလေးများကိုမွေးမြူသည်။ ယောက်ျားကလေးကို ရှင်ဇ့။ မိန်းကလေးကို ရှင်ဇောဟု မှည့်ခေါ်သည်။
သက္ကရာဇ် ၁၅၀ ပြည့်နှစ်တွင် ရစန္တာတစ်ပါးဈာန်ဖြင့်ကြွလာပြီး ရှင်ဇောရှင်ဇံတို့အား သာသနာတော်အကျိူး မျှော်ကိုး၍ မြတ်စွာဘုရား၏ ဓာတ်တော်တစ်ဆူ ပေးတော်မူခဲ့သည်။ ရှင်ဇော၊ ရှင်ဇံ မောင်နှမသည်တစ်ဆူတည်းသော ဓာတ်တော်ကိုလုကြရာ မွေးစားဖခင် ရသေ့ကြီးက ရဟန္တာအရှင်မြတ်ထံသွား၍ ဓာတ်တော်နှစ်ဆူဖြစ်ရန် အဓိဌာန်ပြုစေခဲ့ပါသည်။ သမိုင်းအရမူလဓာတ်တော်အစစ်ကို ရှင်ဇံရ၍ ဓာတ်တော်ပွားကို ရှင်ဇောရသည်ဟုဆိုသည်။
ရှင်ဇံသည် ရရှိသောဓာတ်တော်ကို ဘုရားတည်ရန် အဓိဌာန်ဖြင့် လွှတ်တော်ပျံဝဲလျက် တည်နေရာတွင် စေတီတည်၏။ ဓာတ်တော် ဝဲနေသည်ကိုအစွဲပြု၍ ရှင်ဓာတ်ဝဲဘုရား အနီတွင်ထိုင်တော်မူသောဗောဓိပင်များနှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ အကြီးဆုံးနှင့် အမြင့်ဆုံးဉာဏ်တော်(၁၅)ပေခန့်ရှိ ကျောက်ဆင်းတုတော် ထိုင်တော်မူတစ်ပါးလည်း ရှင်ဓာတ်ဝဲဘုရားတွင် ဖူးမြော်တွေ့ရှိရပါသည်။ ရှင်ဓာတ်ဝဲဘုရားသည် ရှင်ကိုးရှင်အစဉ် အတိုင်းတွင် နံပါတ် ရှစ်၌ တည်ရှိပါသည်။
Comments
Post a Comment